Local News

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့မှ စီးပွားရေးသံမှူးများအား တွေ့ဆုံမှာကြားခြင်း

Last Updated:

/files/2020/10/5f91569091f0a4.99568752.jpg

စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီးများသည် ပြည်ပနိုင်ငံ (၉) နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော မြန်မာစီးပွားရေးသံမှူး (၁၁) ဦးနှင့်တွေ့ဆုံ၍ လမ်းညွှန်မှာကြားခြင်းဆွေးနွေးပွဲကို Zoom Application အသုံးပြု၍ ၂၂-၁၀-၂၀၂၀ ရက်နေ့တွင် ဆွေးနွေးပဲ ပထမနေ့အဖြစ် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုတိုးမြှင့်နိုင်ရေး၊ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရေးတို့အတွက် အလေးထားဆောင်ရွက်ရန်နှင့် လက်ရှိ Covid ကာလစီးပွားရေး၊ မိမိတို့ရောက်ရှိနေသည့်နိုင်ငံအသီးသီး၏ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ လေ့လာတင်ပြသွားကြရန် လမ်းညွှန်မှာကြားပါသည်။

 ဆက်လက်၍ ပထမအစီအစဉ်အနေဖြင့် အမေရိကန်၊ တရုတ်(ပေကျင်း၊ နန်နင်း၊ ဟောင်ကောင်)၊ ဂျပန်၊ ကိုရီးယားနိုင်ငံများတွင် စေလွှတ်ထား သည့် စီးပွားရေးသံမှူးများက ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံမှု၊ ချိတ်ဆက်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုများ နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့မှ  ဆက်လက် ဆောင်ရွက်ရမည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် တိုးမြှင့်သွားသင့်သည့် E-commerce ဆိုင်ရာလုပ်ငန်းများအပါအဝင် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

ဒုတိယနေ့ အစီအစဉ်အဖြစ် ၂၃-၁၀-၂၀၂၀ နေ့တွင် ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် ဆက်လက်တွေ့ဆုံလမ်းညွှန်မှာကြားမည်ဖြစ်ပါသည်။

 

မဟာဗျူဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

Category: Local News